အမေးများသောမေးခွန်းများ
-
eSIM ဆိုတာဘာလဲ
-
eSIM သည် Phyisical SIM Card ကို အသုံးမပြုဘဲ ဝန်ဆောင်မှုပေးသူထံမှ ဆယ်လူလာအစီအစဉ်ကို စတင်ခွင့်ပြုသည့် ဒစ်ဂျစ်တယ် SIM ဖြစ်သည်။
-
မိမိ၏ မိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ကြောင်း မည်သို့စစ်ဆေးနိုင်သလဲ
-
*#06# ကိုခေါ်ဆိုပါ။ EID ဘားကုတ်ကို ဖုန်းscreenပေါ်တွင်မြင်တွေ့ရပါမည် ဆိုလျှင် ဤမိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်ပါသည်။
-
ATOM B2B physical SIM မှ eSIM ကိုဘယ်လိုပြောင်းနိုင်သလဲ
-
လိုအပ်သောအချက်အလက်များကို ဖြည့်ပါ။
မိုဘိုင်းနံပါတ်ကို တခါသုံးကုဒ်ဖြင့် အတည်ပြုပါ။
ဝန်ဆောင်ခ ၅၀၀၀ကျပ် ကိုပေးဆောင်ပါ။
ရရှိလာသော QR ကို scan ဖတ်ပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ
-
eSIM ကို မိုဘိုင်းဖုန်းတွင် ဘယ်လိုထည့်သွင်းရမလဲ
-
သင့် Mobile Device ကို အင်တာနက် / WiFi ကွန်ရက်တခုခုနှင့်ချိတ်ဆက်ထားပါ
သင့် Mobile Device ၏ Setting သို့ ဝင်ရောက်ပြီး QR ကို Scan ဖတ်ကာ eSIM Profile ကိုရယူပါ
eSIM Profile ကို စာရင်းသွင်းရန် Confirmation Code ထည့်သွင်းပြီး လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ စောင့်ဆိုင်းပါ။
သင့် Mobile Device သည် eSIM ဖြင့် ATOM ကွန်ရက်သို့ အလိုအလျောက်ချိတ်ဆက်သွားမည်ဖြစ်သည်။
ထို့နောက် *7070*1*10# သို့ဖုန်းခေါ်ဆိုပြီး (သို့) ဤနေရာကို နှိပ်ပါ။
အတည်ပြုစာ ပြန်လည်ရရှိပါက စတင်အသုံးပြုနိုင်ပါသည်။
-
Physical SIM မှ eSIM လဲလှယ်မှုအတွက် ဝန်ဆောင်ခမည်မျှကောက်ခံသလဲ
-
eSIM လဲလှယ်မှုအတွက်၊ ဝန်ဆောင်ခ ၅,၀၀၀ ကျပ် ကျသင့်ပါမည်
-
eSIM QR ကို ဘယ်နှစ်ကြိမ် အသုံးပြုနိုင်သလဲ
-
ATOM eSIM အသုံးပြုသူသည် Handsetတစ်လုံးတွင် eSIM တစ်ခုကို ထည့်သွင်းထားပြီး အသုံးပြုနိုင်ပါသည်။ ထို Handsetတစ်လုံးတွင်ပင် ထည့်သွင်းထားသော QR ကို အကြောင်းတစ်စုံတစ်ရာကြောင့် (၁၀) ကြိမ်အထိ ဖျက်ပြီး ပြန်လည်ထည့်သွင်းနိုင်သည်။