စည်းမျဉ်းစည်းကမ်း နှင့် မူဝါဒများ

  1. ဤ Website တွင် ATOM B2B Prepaid ဆင်းကဒ် အသုံးပြုသူများသာ eSIM ကိုပြောင်းလဲနိုင်ပါသည်။
  2. မိမိ၏ မိုဘိုင်းဖုန်းတွင် eSIM ကိုအသုံးပြုနိုင်မှုအတွက်ကြိုတင် စစ်ဆေးထားရန်လိုအပ်ပါသည်။
  3. eSIM လဲလှယ်မှုအတွက် ဝန်ဆောင်ခ ၅,၀၀၀ ကျပ် ကျသင့်ပါမည်။ ဖုန်းနှင့်ပက်သတ်၍ ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် eSIM ပြောင်းလဲခ အား ပြန်အမ်းမည်မဟုတ်ပါ။
  4. eSIM QR ကို ပရင့်ထုတ်ပါ သို့မဟုတ် သိမ်းဆည်းထားပါ။ ပျောက်ဆုံးခြင်းအတွက် အသစ်ပြန်လျှောက်ထားပါက ဝန်ဆောင်ခ ပေးဆောင်ရပါမည်။
  5. ATOM eSIM အသုံးပြုသူသည် Handsetတစ်လုံးတွင် eSIM တစ်ခုကို ထည့်သွင်းထားပြီး အသုံးပြုနိုင်ပါသည်။ ထို Handsetတစ်လုံးတွင်ပင် ထည့်သွင်းထားသော QR ကို အကြောင်းတစ်စုံတစ်ရာ‌ကြောင့် (၁၀) ကြိမ်အထိ ဖျက်ပြီး ပြန်လည်ထည့်သွင်းနိုင်သည်။
  6. eSIM လဲလှယ်မှု နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်း နှင့် မူဝါဒများကို ATOM Myanmar မှ အချိန်မရွေး ပြင်ဆင်သတ်မှတ်ပိုင်ခွင့်ရှိပါသည်။

အမေးများသောမေးခွန်းများ

  1. eSIM ဆိုတာဘာလဲ
    • eSIM သည် Phyisical SIM Card ကို အသုံးမပြုဘဲ ဝန်ဆောင်မှုပေးသူထံမှ ဆယ်လူလာအစီအစဉ်ကို စတင်ခွင့်ပြုသည့် ဒစ်ဂျစ်တယ် SIM ဖြစ်သည်။
  2. မိမိ၏ မိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ကြောင်း မည်သို့စစ်ဆေးနိုင်သလဲ
    • *#06# ကိုခေါ်ဆိုပါ။ EID ဘားကုတ်ကို ဖုန်းscreenပေါ်တွင်မြင်တွေ့ရပါမည် ဆိုလျှင် ဤမိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်ပါသည်။
  3. ATOM B2B physical SIM မှ eSIM ကိုဘယ်လိုပြောင်းနိုင်သလဲ
    • လိုအပ်သောအချက်အလက်များကို ဖြည့်ပါ။
      မိုဘိုင်းနံပါတ်ကို တခါသုံးကုဒ်ဖြင့် အတည်ပြုပါ။
      ဝန်ဆောင်ခ ၅၀၀၀ကျပ် ကိုပေးဆောင်ပါ။
      ရရှိလာသော QR ကို scan ဖတ်ပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ
  4. eSIM ကို မိုဘိုင်းဖုန်းတွင် ဘယ်လိုထည့်သွင်းရမလဲ
    • သင့် Mobile Device ကို အင်တာနက် / WiFi ကွန်ရက်တခုခုနှင့်ချိတ်ဆက်ထားပါ
      သင့် Mobile Device ၏ Setting သို့ ဝင်ရောက်ပြီး QR ကို Scan ဖတ်ကာ eSIM Profile ကိုရယူပါ
      eSIM Profile ကို စာရင်းသွင်းရန် Confirmation Code ထည့်သွင်းပြီး လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ စောင့်ဆိုင်းပါ။
      သင့် Mobile Device သည် eSIM ဖြင့် ATOM ကွန်ရက်သို့ အလိုအလျောက်ချိတ်ဆက်သွားမည်ဖြစ်သည်။
      ထို့နောက် *7070*1*10# သို့ဖုန်းခေါ်ဆိုပြီး (သို့) ဤနေရာကို နှိပ်ပါ။
      အတည်ပြုစာ ပြန်လည်ရရှိပါက စတင်အသုံးပြုနိုင်ပါသည်။
  5. Physical SIM မှ eSIM လဲလှယ်မှုအတွက် ဝန်ဆောင်ခမည်မျှကောက်ခံသလဲ
    • eSIM လဲလှယ်မှုအတွက်၊ ဝန်ဆောင်ခ ၅,၀၀၀ ကျပ် ကျသင့်ပါမည်
  6. eSIM QR ကို ဘယ်နှစ်ကြိမ် အသုံးပြုနိုင်သလဲ
    • ATOM eSIM အသုံးပြုသူသည် Handsetတစ်လုံးတွင် eSIM တစ်ခုကို ထည့်သွင်းထားပြီး အသုံးပြုနိုင်ပါသည်။  ထို Handsetတစ်လုံးတွင်ပင် ထည့်သွင်းထားသော QR ကို အကြောင်းတစ်စုံတစ်ရာ‌ကြောင့် (၁၀) ကြိမ်အထိ ဖျက်ပြီး ပြန်လည်ထည့်သွင်းနိုင်သည်။